ရန်ကုန်တိုင်း၊ ခရမ်းမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ဧပြီလ (၂၂) ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရကြောင်း ခရမ်း PDF က ဧပြီလ (၂၃) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်ကာလ ခရမ်းမြို့နယ် လဝကရုံးထဲက ရဲတွေကို ခရမ်း PDF က ဝင်ရောက်ပစ်ခတ်လို့ ရဲ (၂) ယောက် သေဆုံးပြီး သေနတ် (၂) လက်ကို ရရှိခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဥ် ဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က အခုလို ဖမ်းဆီးမှု တွေလုပ်ဆောင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေ ကို အသုံးချပြီး ဖုန်းဆက် သွယ်နေတာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်သူတွေကို အဆက်အသွယ် ဖြတ်တောက်ဖို့ကိုလည်း ခရမ်း PDF က အသိပေးထားပါတယ်။
Era’Eyes /Photo -CJ