စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ စစ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ Golden Eagle Force-Monywa အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို ဧပြီ(၂၄) ရက် နေ့လယ် ၂နာရီခန့် မှာ ဒေသကာကွယ်ရေး အဖွဲ့ တွေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa နှင့် Aung San Generation (မုံရွာခရိုင် တပ်ရင်း -၁၃)၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။
Era’sEyes /ရုပ်သံ – Golden Eagle Force-Monywa