နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟားခါးမြို့နယ်၊ သီးမစ် (Timit) ချောင်း စစ်ကောင်စီ ကင်းစခန်းသိမ်းတိုက်ပွဲ CNA ရဲဘော်တစ်ဦး ကျဆုံး။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်, သီးမစ် (Timit) ချောင်းမှာ မနေ့က ဧပြီလ ၂၆ ရက်မှာ ချင်းအမျိုးသားတပ်ဦး (CAN) နဲ့ စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ CNA ရဲဘော်ဆလိုင်းဂျွန်စမစ် (Salai John Smith) ကျဆုံးတယ်လို့ ဒေသခံရင်းမြစ်တွေဆီက သိရှိပါတယ်။ ရဲဘော် ၂ ဦးလည်း ဒဏ်ရာ ရရှိတယ်လို့ သိရတယ်။


ဟားခါးကနေ ထန်တလန်မြို့ကားလမ်းပေါ်မှာရှိတဲ့ သီးမစ်ချောင်းဝန်းကျင်က စစ်ကောင်စီ ကင်းစခန်းများကို သွားရောက်တိုက်ခိုက်စဉ် ကျဆုံးသွားကြောင်း သိရပါတယ်။

သီးမစ်ချောင်းမှာ စစ်ကောင်စီကင်းစခန်း ၃ ခုရှိတဲ့အနက် စခန်း ၂ ခုကို CAN က မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဒီကနေ့ ဧပြီ (၂၇) ရက်နေ့ မနက်အစော ၁ နာရီဝန်းကျင်;မှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာပေါ် ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံး ၂ လုံးကြဲချခဲ့ကြောင်းလည်း သိရှိရပါတယ်။

မနေ့က ဧပြီလ ၂၆ ရက် ညနေပိုင်းမှာလည်း ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်း ကာကွယ်ရေး တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

Source: CNA, Zalen / ဓာတ်ပုံ။ ကျဆုံးသွားတဲ့ CNA ရဲဘော်ဆလိုင်းဂျွန်စမစ် (Salai John Smith)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 22 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 15 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 19 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 37 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 34 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 21 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 19 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။