ရှမ်း – ကရင်နီ ဒေသအစပ်ရှိ တောင်မဲသင်းကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့ ရုပ်သံဖိုင်ကို Karenni Generation Z က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အဲဒီရုပ်သံဖိုင်ကို ဧပြီလ (၂၆) ရက်နေ့ မနက် (၁၁) နာရီကျော်က တောင်မဲသင်းကျေးရွာမှာ ဒရုန်းနဲ့ ရိုက်ကူးခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲများဖြစ်ပွားနေတဲ့ အနီးဝန်းကျင်ရွာများမှ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း ၊ လူသားတံတိုင်းအဖြစ် ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ် ခြင်းတွေကို ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများ အနီးရှိ ကျေးရွာများသို့ အသွားအလာ မပြုလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
Era’sEyes/ရုပ်သံ -Karenni Generation Z