မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ အိမ်ခြေ (၂၅) လုံးသာရှိတဲ့ ချင်းရွာတစ်ရွာဖြစ်တဲ့ ရေယဉ်ကျေးရွာကို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီရွာက ဒေသခံများအား လက်မခံကြဖို့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
မင်းလှမြို့နဲ့ မိုင် (၅၀) ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရေယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ (၂၂) ရက်က မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီစစ်ကြောင်းမှာ တပ်မ (၈၈ )လက်အောက်ခံ တပ်ရင်းအချို့၊ ကပစ (၂)၊ ကပစ (၁၀) နဲ့ ကပစ (၁၃) အပြင် ရေတပ်ဝတ်စုံဝတ် စစ်ကောင်စီတပ်သား တွေလည်း ပါဝင်ကြောင်း သတင်းရရှိပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ရေယဉ်ရွာဒေသခံတွေရဲ့ စားဝတ်နေရေးကို ဝိုင်းဝန်းကူညီပေးကြဖို့ လူမှုကူညီရေးအဖွဲ့များက မေတ္တာရပ်ခံထားပါတယ်။
Era’sEyes | ဓာတ်ပုံ – CJ | ဓာတ်ပုံစာ။ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရသော ရေယဉ်ရွာ။
Edited: Grace H.