နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ရဲ့ သံအမတ် ကို တရုတ်အစိုးရ လက်ခံ

အာဏာသိမ်း စစ်ကောင်စီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့် အပ်တာကို တရုတ်သမ္မတ က ပြီးခဲ့တဲ့ တနင်္လာနေ့ ဧပြီ ၂၄ရက် က လက်ခံလိုက်ပါတယ်။

စစ်ကောင်စီရဲ့ သံအမတ် ဦးတင်မောင်ဆွေက သူရဲ့ ခန့်အပ်လွှာကို တရုတ်သမ္မတ ရှီကျင့်ဖျင် ထံ ပေးအပ်လိုက်တာလို့ စစ်ကောင်စီဘက်က ဧပြီ (၂၉) ရက်မှာ သတင်းထုတ်လာတာဖြစ်ပါတယ်။

ဦးတင်မောင်ဆွေကို တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက ခန့်အပ်ခဲ့ပေမယ့် သံအမတ်ခန့်အပ်လွှာကို တရုတ်အစိုးရထံ ချက်ချင်းမပေးအပ်နိုင်ခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံမှာ NLD အစိုးရ လက်ထက်က ခန့်အပ်ထားတဲ့ သံအမတ် ဦးမျိုးသန့်ဖေကိုပဲ စစ်ကောင်စီက ဆက်လက်ခန့်ထားခဲ့ပါတယ်။ ဦးမျိုးသန့်ဖေဟာ ပြီးခဲ့နှစ် သြဂုတ်လ အတွင်းမှာ ဆုံးပါးသွားတဲ့အခါ စစ်ကောင်စီဟာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ် အသစ် ကို အခုလို ထပ်ခန့်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်အစိုးရ တို့ကြား ထိတွေ့ ဆက်ဆံမှုတွေရှိလာပြီးနောက်မှာ စစ်ကောင်စီရဲ့သံအမတ်ကို တရုတ်ဘက်က လက်ခံလိုက်တာပါ။

REF : PPS / Era’Eyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 22 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 51 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 52 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ