၂၀၂၃ ခုနှစ် ၊ မေ (၆) ရက် ၊ ခေတ်မျက်လုံး။
ဟင်္သာတနှင့်ဇလွန်မြို့တို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မေ (၄) ရက် နဲ့ (၅) ရက်တို့မှာ ဟင်္သာတ နဲ့ ဇလွန်မြို့ တို့က NLD ရုံးတွေကို စစ်ကောင်စီနဲ့ အဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
လာရောက်ဖျက်ဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ ထွေအုပ်ဝန်ထမ်းများ၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်းပါဝင်ပါတယ်။
စစ်ကောင်စီ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်တွင် ကြေညာပြီးနောက် ပိုင်းမှာ မြို့နယ်အချို့ က NLDပါတီ ရုံးအချို့ကို ဖျက်ဆီးမှု တွေပြုလုပ်ခဲ့ကြပါတယ်။
Era’sEyes | Photo – CJ