နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲကနယ်ဒေသမှာ စစ်ကောင်စီက လေကြောင်းနဲ့ နေ့စဉ်ရက်ဆက် လာပစ်နေ ၊ လက်နက်ကြီးများနဲ့ပါပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ မဲကနယ်ဒေသမှာရှိတဲ့ ကျောက်တောင်၊ ကျောက်ဂူဘုရားတောင်ဘက်ကို စစ်ကောင်စီက လေယာဥ်နဲ့ နေ့စဥ်လိုလို လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အမြှောက်တပ်ကနေလည်း မဲကနယ်ဒေသထဲကို လက်နက်ကြီး၊ အမြှောက်တွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ ပျက်စီးတာ ပိုများလာတယ်လို ဒေသခံတွေဆီက သိရပါတယ်။


မဲကနယ်၊ ကွင်းကလေး၊ ကျောက်တောင်၊ ကျောက်မိုင်းစခန်းစတဲ့ နေရာတွေက ဒေသခံတွေနဲ့ အလုပ်သမားနေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ရပါတယ်။ဒါ့အပြင် မဲကနယ်ဘုရားကျောင်း၊ ပွင့်လင်းအေးမြိုင်ရွာက ဘုန်းကြီးကျောင်းတွေပါ ပျက်စီးခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။


မြေပြင်မှာတော့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲတွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA တွေအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ဒေသခံ ၃ ထောင်ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး သင်္ဃန်းညီနောင်နဲ့ မြဝတီမြိုက ဘုန်းကြီးကျောင်းတွေမှာ ယာယီစစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

Edited by Grace H.
Era’sEyes | Photo – KNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 17 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 17 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 17 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 41 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 35 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 40 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့