စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ထန်းတောရွာမှာရှိတဲ့ ထန်းတော ဗောဓိအထက်တန်းကျောင်းကို
ဒီနေ့ မေ ၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထန်းတောရွာအနီးဝန်းကျင်ကို စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်း ကနေအကြောင်းမဲ့လာ ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အခုလို လေကြောင်းက ပစ်ခတ်တာကြောင့်
ကျောင်းမုခ်ဝကိုထိမှန်ကာ ပြတင်းမှန်တွေ ကွဲသွားတယ်လို့သိရပါတယ်။
ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးသီး ၅ လုံး ကြဲချခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ထန်းတောရွာပတ်ဝန်း ကျင်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့သလိုမပေါက်ကွဲသေးတဲ့ ဗုံးသီး နှစ်လုံးလည်း တွေ့ရတယ်လို့ ဒေသခံ တွေကပြောကြပါတယ်။
လက်ရှိအချိန်အထိ လေယာဉ်ဝဲနေသေးပြီး အသံကြားနေရသေးတာကြောင့် ဒေသခံတွေ အပြင်မထွက်ရဲပဲ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Era’sEyes /Photo -CJ