မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွား ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အမရပူရမြို့နယ် စစ်ကိုင်း – မန္တလေးလမ်းမကြီးပေါ်အိုးတော်ရပ်ကွက်ရှိ ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့မှာ (မေလ ၈ ရက်) ည ၉ နာရီ ၅၄ မိနစ်ခန့်က တစ်ကြိမ်၊ နောက်ထပ် ၁၆ မိနစ်ခန့်အကြာ ည ၁၀ နာရီ ၁၀ မိနစ်ခန့်ကတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေ အနေကို မသိရသေးပါဘူး။ဒေါက်တာဇော်မြင့်မောင်နေ အိမ်ရှေ့ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီ၏လက်ချက်ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံတွေက သုံးသပ်ပြောဆိုနေကြတာပါ။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ၁ ရက် အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခဲ့တာပါ။
ကင်ဆာရောဂါသည်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို လက်ရှိတွင် စစ်ကောင်စီက အမှုပေါင်း ၉ မှုဖြင့် အမှုဆင်တရားစွဲဆိုထားပြီး လက်ရှိမှာ ထောင်ဒဏ် ၂၆ နှစ် မတရားချခံထားရတာလည်းဖြစ်ပါတယ်။