ချင်းပြည်နယ် ဟားခါးမြို့နယ်အခြေစိုက် ချင်းကာကွယ် ရေးတပ်(CDF) – ဆဲန်ထန်(Senthang) ဌာနချုပ်နဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီက မေ (၁၀)ရက် ည သန်းခေါင်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဆဲန်ထန် ကထုတ်ပြန်ပါတယ်။
မေလ ၈ရက်တွင် CDF ဆဲန်ထန် ဌာနချုပ်နှင့် တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ယခု မေလ ၁၀ ရက်ညပိုင်းတွင် ထပ်မံတိုက်ခိုက်လာတာဖြစ်ပါတယ်။
မေလ ၈ရက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် CDF ဆဲန်ထန် ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့တာဖြစ်ပါတယ်။ ဟားခါးမြို့နယ်အတွင်း ဧပြီမှစ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာနေတာဖြစ်ပါတယ်။
ဟားခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်ရှိ ပြည်သူလူထုများနေထိုင်ရာ နေရာများကို လေကြောင်းက နေ စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေအနေနဲ့လေကြောင်းသတိအမြဲရှိဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes /(စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီးလောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ – CJ)