ဒီကနေ့ မေလ (၁၇) ရက် မနက် ၄ နာရီခန့်က ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စောလုံကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၁၇) နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်း အဆောက်အအုံနှစ်လုံးနဲ့ နေအိမ်ခြောက်လုံး ပျက်ဆီးခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက်နဲ့ နေထိုင်ကြရန် ဘောလခဲ PDF က အသိပေးထားပါတယ်။
Era’sEyes | နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စောလုံကျေးရွာမှ ပျက်စီးခဲ့တဲ့ အဆောက်အအုံများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ။