ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့ Narrative ခဏခဏ ပြောနေပြီဆိုရင် သေချာတာကတော့ စကစနဲ့ အတိုင်အဖေါက်ညီညီ လုပ်တာပါပဲ” လို့ သူက ပြောဆိုထားပါတယ်။ လူသတ်ချင်စိတ်ရှိပါက လေယာဉ်ရှိစရာမလိုသလို စစ် ကောင်စီက အရမ်းတော်နေတဲ့အတွက် လေယာဉ်ဗုံးလိုက်ကြဲနေတာ မဟုတ်ဘဲ လူသတ်ချင်တာကြောင့်သာ သတ်နေတာလို့ ရေးသားထားပါတယ်။ “ လူစည်ကားတဲ့နေရာ၊ ပွဲလမ်းသဘင်၊ စျေး၊ လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ လေယာဉ်နဲ့ဗုံးကြဲတာ အင်မတန်လွယ်တဲ့ကိစ္စပါ။ လက်နက်မဲ့ပြည်သူအများအပြား သတ်ပစ်ဖို့ဆိုတာ သာမန် လက်လုပ်ဗုံးထောင်ထားရင်တောင် သေပါတယ်။ ဘယ်လောက်ခေတ်မှီတဲ့ […]