နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

ဇွန်လ (၁) ရက်။

ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ စစ်သားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး နောက်မှပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာသည်။ စစ်ကောင်စီ မြန်မာ့တပ်မတော် ခြေလျင်တပ်ဖွဲ့၏ ပခုံးအမှတ်ကို ၎င်း၏ ညာဖက်ပခုံးပေါ်တွင် တွေ့မြင်နိုင်သည်။

PNLA ရဲဘော် ၄ ဦးကို စကစနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင်နှင့် သတင်းကို ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် ကျိုဒိုသတင်းက ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ယင်းဖော်ပြချက်တွင် ရှမ်းပြည်၊ ဆီဆိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကွပ်မျက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုကို စစ်တပ်က ရိုက်ကူးထားသည်ဟု သိရသည်။ ရှေ့တန်းတွင် ဖမ်းဆီးရမိသည့် စစ်သားတစ်ယောက်၏ဖုန်းထဲမှ သိမ်းဆည်းရမိထားခြင်းဟု ဆိုသည်။

စစ်ကောင်စီ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားတစ်ဦးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခုခံမှုမရှိသည့် လက်နောက်ပြန် ကြိုးချည်ထားသည့် စစ်သုံ့ပန်း အကျဉ်းသား ၄ ဦးအား အနောက်မှ ပစ်ခတ်၍ သေဒဏ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဗီဒီယိုရုပ်သံအတွင်း ပစ်သတ်ခံရသူမှာ ၄ ဦး ဖြစ်ပြီး အခြားတစ်ဦးကို ယင်းနေ့တွင်ပင် အခြားတစ်နေရာ၌ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PNLO မှ ခွန်မြင့်ထွန်း၏ ပြောကြားချက်အရသိရသည်။

အသတ်ခံရသူများမှာ ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ရွာမှ ဒုဗိုလ် ခွန်ကျပ်၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံရွာမှ တပ်စိတ်မှူး ခွန်မွေး၊ တောင်ကြီးမြို့နယ် ထီခေါင် ပင်တွန်းရွာမှ ဒုတပ်စိတ်မှူး ခွန်ထွန်းငွေ၊ တောင်ကြီးမြို့နယ် ပင်တွန်းရွာမှ ရဲဘော်ခွန်ဦး၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာမှ ရဲဘော်နေလင်းတို့ ၅ ဦးဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို