နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊

ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ရသည်ဟုနယ်မြေရှိ အကြီးဆုံး ဆေးရုံအကြီးအကဲက ဆိုသည်။

အယ်ရှီဖာ(Al-Shifa) ဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ မိုဟာမက် အဘူ ဆီလ်မီယာ (Mohammad Abu Silmiya) က တနင်္လာနေ့ညတွင် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၁ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

CNN မှ ပထဝီဝင်နေရာပြသထားသော ဗီဒီယိုများတွင် အခင်းဖြစ်ပွားရာနေရာမှ မီးခိုးများ ထူထပ်စွာအူတက်လာသည့်အပြင် ကော်ဖီဆိုင်နှင့် အနီးတစ်ဝိုက်တွင် ကျယ်ကျယ် ပြန့်ပြန့် ပျက်စီးသွားသည်ကို တွေ့ရသည်။ အလောင်းများကို ထမ်းစင်များ ပေါ်တွင် တင်ထားသည် ကိုလည်း ပြသခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က CNN သတင်းဌာနကို ပြောကြားရာတွင် အဆိုပါဖြစ်ရပ်ကို ပြန်လည်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် မေးခွန်းများ အတွက် IDF က “ယနေ့ (တနင်္လာနေ့) အစောပိုင်းက IDF သည် ဂါဇာကမ်းမြှောင် မြောက်ပိုင်းရှိ ဟားမတ်စ် အကြမ်းဖက်သမားအများအပြားကို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုမပြီးမီတွင် လေကြောင်းစောင့်ကြည့်မှုအသုံးပြု၍ အရပ်သားများ ထိခိုက်မှု အန္တရာယ်လျော့ပါးစေရန် ခြေလှမ်းများလုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အယ်ဘာကွာ(Al-Baqa) ကော်ဖီဆိုင်သည် အင်တာနက်နှင့် မြေထဲပင်လယ်ကမ်းရိုးတန်း အနီးတွင် အလုပ်လုပ်ရန် စီစဥ်ပေးသောကြောင့် ကျောင်းသား၊ ဂျာနယ်လစ်များနှင့် ဝေးလံသောနေရာမှလာရောက်အလုပ်လုပ်ကြသည့် အလုပ်သမားများအတွက် လူသိများသော နေရာတစ်ခုဖြစ်သည်။

ဆီလ်မီယာ (Silmiya) က CNN သို့ ပြောကြားရာတွင် “သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်” ဟုဆိုပြီး အင်တာနက်သုံးရန် ကော်ဖီဆိုင်တွင် လာရောက်ကြသော ကျောင်းသားများစွာလည်း ပါဝင်ခဲ့သည်ဟုဆိုသည်။

ထိခိုက်ဒဏ်ရာရသူများကို ကုသရန်အတွက် ဆေးရုံသည် အရေးပေါ် ICU ကုတင်နှင့် ထုံဆေးများ ပြတ်တောက်နေကြောင်း ၎င်းက ပြောသည်။ တနင်္လာနေ့ညက ဒဏ်ရာတွေကြောင့် လူတချို့ သေဆုံးခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် တိုးလာခဲ့ပါသည်။

“ အခန်းတွေနဲ့ ဆေးရုံကုတင်တွေ မရှိတဲ့အတွက် ဆေးရုံကြမ်းပြင်မှာ ဒဏ်ရာရသူလူနာ တွေကိုထားပြီး ကုသနေပါတယ်” ဟု ဆေးရုံဒါရိုက်တာက ဆက်ပြောသည်။

အသတ်ခံရသူများထဲတွင် အလွတ်သတင်းထောက်အစ်စမေးလ် အဘူ ဟာတက်ဘ်( Ismail Abu Hatab) လည်း ပါဝင်သည်ဟု အခင်းဖြစ်ပွားရာနေရာရှိ အခြားသတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။

ဟားမတ်စ်ထိန်းချုပ်ထားသော အစိုးရမီဒီယာရုံးက ၎င်း၏သေဆုံးမှုသည် ၂၀၂၃ခုနှစ် အောက်တိုဘာလမှစပြီး ဂါဇာတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် အသတ်ခံခဲ့ရသည့် သတင်းထောက်ဦးရေ ၂၂၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးခေါင်းဆောင်များသည် ထရန့် နှင့် ချိန်းတွေ့ခြင်းမပြုမီ သဘောထားကွဲခဲ့ကြသည်။

အစ္စရေးခေါင်းဆောင်များသည် ဂါဇာတွင် စစ်ပွဲ မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဇူလိုင် ၇ ရက်တွင် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံမှုမတိုင်မီ အစ္စရေးခေါင်းဆောင်များအတွင်း တိုက်ခိုက်မှုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုနှင့် ၎င်း၏အကြီးတန်းအကြံပေးများနှင့် ဝန်ကြီးများကြား နှစ်ရက်ဆက်တိုက် တွေ့ဆုံပြီးနောက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကို အစ္စရေးက မရရှိနိုင်သေးကြောင်း ဆွေးနွေးမှုများနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော်လည်း နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စိတ်ဝင်စားသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ထရန့် သည် ဂါဇာရှိစစ်ပွဲကို အဆုံးသတ်ရန် ပွင့်ပွင့်လင်းလင်း တွန်းအားပေးခဲ့ပြီး တစ်ပတ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရမည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ အကြီးတန်း အစိုးရအရာရှိများ အုပ်စုငယ်အတွင်း ဂါဇာကို ဗုံးကြဲတိုက်ခိုက်ရန် ကျယ်ကျယ်လောင်လောင် ထောက်ခံခဲ့ကြသောလက်ယာစွန်း ဝန်ကြီးများဖြစ်သော အီတမာဘင်ဂဗဲယား ( Itamar Ben Gvir) နှင့် ဘယ်ဇယ်လယ် စမိုလ်ထရိတ် (Bezalel Smotrich) ကဲ့သို့သောသူများ နှင့် အာယေ့ဒဲရီ (Aryeh Deri) ကဲ့သို့သော အခြားအရာရှိများ နှင့် စစ်ပွဲပြီးဆုံးစေမည့် ကျယ်ကျယ်ပြန့်ပြန့် ဓားစာခံသဘောတူညီချက်ကို လိုလားသော သူများလည်း ပါဝင်သည်။

ဂျူးပါဝါပါတီ၏ အကြီးအကဲ ဘင်ဂဗဲယား (Ben Gvir) က ဂါဇာတွင် ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်ရမည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး ကျော်ဖြတ်နေရသည့် နေ့ရက်တိုင်း တွင် အစ္စရေးသည် အချိန်နှင့်အခွင့်အရေးများကို ဖြုန်းတီးနေခြင်း အပေါ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

နေတန်ယာဟုသည် ထရန့် နှင့်တွေ့ဆုံရန် ဝါရှင်တန်ဒီစီသို့ ခရီးမထွက်မီ ဆုံးဖြတ်ချက် တစ်ခုချရန် ကြိုးပမ်းနေသည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဂါဇာတွင် ကျန်ရှိနေသည့် ဓားစာခံများကို အိမ်ပြန်ခေါ်ဆောင်နိုင်မှု အပါအဝင် အီရန်တွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးများ လုပ်ဆောင်ပြီးနောက် အခွင့်အလမ်းများစွာ ပွင့်လာ ခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

တနင်္လာနေ့က အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုကြောင့် ပျက်စီးသွားသော ကော်ဖီဆိုင်အနီးတွင် ပါလက်စတိုင်းအမျိုးသားတစ်ဦးက စစ်ဆေးကြည့်ရှုနေပုံ။ AP (ဓာတ်ပုံ)

အယ်လ် ဘာကွာ(Al-Baqa) ကော်ဖီဆိုင်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ပါလက်စတိုင်းများ၏ ဈာပနအခမ်းအနားတွင် ဝမ်းနည်းပူဆွေး နေသူ တစ်ဦး ။ Reuters (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက