ရွှေဘိုထောင်မှာ လေဖြန်းရောဂါဖြစ်စဉ် တစ်လကို (၅)ဦးခန့် ပုံမှန်ဖြစ်ပွားနေ၊ နိုင်/ကျဉ်း (၅)ဦးလဲ ခန္ဓာကိုယ် အောက်ပိုင်းချိနဲ့ရောဂါခံစားနေရ
မတ်လ (၁၁)ရက်။ အာဏာသိမ်းပြီးနောက် ရွှေဘိုအကျဉ်းထောင်ထဲမှာ အောက်ပိုင်းချိနဲ့(လေဖြန်း)တဲ့ဖြစ်စဉ်တွေ တစ်လကို (၅)ဦးခန့် ပုံမှန်ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့...









