နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်အပြေးသမား ပြိုင်ပွဲအပြီး စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရ

+++++++++++++++++++++++++++++++++++++++

တရုတ်အပြေးသမား ဟီဂျီ (He Jie) သည် တနင်္ဂနွေနေ့တွင် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲတွင် အနိုင်ရရှိခဲ့ပြီး အာဖရိကန်အပြေးသမား သုံးဦးက သူ့ကို အနိုင်ရစေရန် တမင်နှေးကွေးစွာ ပြေးနေပုံပေါ်သောကြောင့် တရုတ်အင်တာနက်အသုံးပြုသူများက မေးခွန်းထုတ်ခြင်းကိုခံရပြီးနောက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။

ပြိုင်ပွဲပြီးဆုံးသည့် ဗီဒီယိုကလစ် တစ်ခုတွင် ကင်ညာမှ ဝီလီ မန်နန်ဂတ် (Willy Mnangat) သည် ဟီဘက်သို့လှည့်ကာ အပြေးသမားလေးဦး တစ်ဦးနှင့် တစ်ဦး ရင်ဘောင်တန်းနေစဉ် ရှေ့သို့တက်ရန် အချက်ပြသည်ကို ပန်းဝင်ရန် မီတာအနည်းငယ် အကွာအဝေးတွင် အချက်ပြခဲ့သည်ကို တွေ့မြင်ရသည်။

ကင်ညာနိုင်ငံမှ ကမ္ဘာ့စံချိန်ရှင်ဟောင်း ရောဘတ် ကီတာ (Robert Keter) သည် ၎င်း၏နိုင်ငံသားနှင့် အီသီယိုးပီးယားမှ ဒီဂျီနီ ဟိုင်လူ (Dejene Hailu) အား နောက်ပြန်ဆွဲရန် အချက်ပြပြီး ဟီအား သူတို့အုပ်စုကို ကျော်တက်စေရန် လက်ဝှေ့ယမ်း အချက်ပြလိုက် ပုံကိုလည်း ရုပ်သံတွင် သိသာထင်ရှားစွာ တွေ့မြင်ရသည်။

တရုတ်အပြေးသမားသည် ၁:၀၃:၄၄ တွင် ပထမဆု ဒေါ်လာ ၅,၅၀၀ ကို ရယူခဲ့ပြီး အာဖရိကတိုက်သား သုံးဦးသည် တစ်စက္ကန့်သာ နောက်ကျပြီး ပူးတွဲဒုတိယဆုကို ရကြသည်။

အာရှအားကစားပြိုင်ပွဲ၏ မာရသွန်ချန်ပီယံအပြေးသမား ဟီသည် ၎င်း၏ ပထမဆုံးယှဉ်ပြိုင်ဖူးသည့် မာရသွန်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စိတ်အားထက်သန်မှု နည်းပါးနေခဲ့သည်။ အာဖရိကန်အပြေးသမားများက သူ၏ကျောကိုပုတ်ပြီး အောင်နိုင်မှုကို လက်ခုပ်တီးနေသည်ကို ရုပ်သံတွင် တွေ့မြင်ရသည်။

ပြီးခဲ့သောနှစ်နှစ်အတွင်း တရုတ်နိုင်ငံ၏ မာရသွန်စံချိန်ကို နှစ်ကြိမ်ချိုးဖျက်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဟီသည် ပြိုင်ပွဲအပြီးတွင် သတင်းထောက်များအား “ကျွန်တော်ရဲ့အကောင်းဆုံးယှဉ်ပြိုင်မှု အခြေအနေမှာ မရှိကြောင်း” ပြောကြားခဲ့သော်လည်း အငြင်းပွားဖွယ် ပန်းဝင်မှုကို မဖြေရှင်းခဲ့ပေ။

တရုတ်အင်တာနက်အသုံးပြုသူအချို့က အဆိုပါပြိုင်ပွဲကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သော်လည်း အချို့က ပွဲစီစဉ်သူများထံမှ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

အခြားလူကြိုက်များသော မှတ်ချက်တစ်ခုက “ ကျွန်တော် စုံစမ်းစစ်ဆေးမှုကို ထောက်ခံပါတယ်၊ တရားမျှတတဲ့ကစားနည်းက အရေးကြီးပါတယ်” ဟု သုံးစွဲသူများက အာဏာပိုင်များက “ ယှဉ်ပြိုင်မှု၏တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကို လေးစားရန် ရှင်းလင်းပြတ်သားသော ရှင်းလင်းချက်တစ်ခုပေးနိုင်မည်ဟု မျှော်လင့်ပါသည်။” ဟု မှတ်ချက်ပြုကြသည်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြိုင်ပွဲကျင်းပရေးစီစဉ်သူ ဘေဂျင်းမြူနီစီပယ်အားကစားဗျူရိုနှင့် တရုတ်ပြေးခုန်ပစ်အသင်းတို့က အဆိုပါကိစ္စနှင့်ပတ်သက်၍ “အလွန်အရေးကြီးသည်” ဟု မှတ်ချက်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

ဟီနှင့် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲနှစ်ခုစလုံးကို စပွန်ဆာပေးသည့် တရုတ်အားကစားကုမ္ပဏီ Xstep က အခြေအနေများကို စုံစမ်းစစ်ဆေးနေပြီး အတည်ပြုထားကြောင်း နိုင်ငံပိုင်သတင်းစာ The Paper သို့ ပြောကြားခဲ့သည်။

“နောက်ထပ် အချက်အလက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားမှာပါ” ဟု Xstep မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ပြေးခုန်ပစ် အားကစားအဖွဲ့ က CNN သို့ အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ပြိုင်ပွဲ၏ ဗီဒီယိုဖိုင်ကို သိရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြခဲ့သည်။

“ ကျွန်ုပ်တို့၏ အားကစား ဂုဏ်သိက္ခာသည် ကမ္ဘာ့ပြေးခုန်ပစ်တွင် အမြင့်ဆုံး ဦးစားပေးဖြစ်သည်” ဟု ဖော်ပြထားသည်။

Source: CNN

မှတ်ချက်။ He Jie ကို “ ဟွာဂျယ်” ဟု တရုတ်လို ထွက်ဆိုသော်လည်း အင်္ဂလိပ်အသံထွက်ဖြင့် ရေးသားထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘတ် ၂ သန်း လိမ်လည်မှုဖြင့် ထိုင်းနာမည်ကြီး အမျိုးသမီးစားဖိုမှူးကို ထိုင်းရဲ ဖမ်းဆီး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 7 Views
အောက်တိုဘာလ (၉) ရက်။ ထိုင်းနာမည်ကြီးခေါက်ဆွဲဆိုင်ပိုင်ရှင် နာမည်ကြီး အမျိုးသမီး စားဖိုမှူးတစ်ဦးသည် ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိသည့် ရွှေနှင့် စိန်လက်ဝတ်ရတနာတွေကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲသည် အလွန်အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ယူကရိန်းသမ္မတပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 6 Views
အောက်တိုဘာလ (၇) ရက်၊ ကိ့ဗ်မြို့ ယူကရိန်း။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက စစ်ပွဲသည် အရေးပါသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့ပြီး ရုရှား၏စစ်ပွဲအတွက်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 8 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကိုယ်စားလှယ်စေလွှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့တာလို့
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မြို့တော်တွင် လူထုစုဝေးပွဲကျင်းပပြီး အီလွန်မတ်လာရောက်ပြီး ထရန့်အား ထောက်ခံမိန့်ခွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 16 Views
အောက်တိုဘာလ (၆) ရက်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဇူလိုင်လက လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သည့် ပဲန်စီလ်ဘေးနီးယားပြည်နယ် ဘတ်တလာတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သမ္မတထရန့်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်က
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏သမီး အထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီ ကင်မလာအား ထောက်ခံစည်းရုံး ဟောပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 23 Views
အောက်တိုဘာလ (၄) ရက်။ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် အကြိတ်အနယ်ပြည်နယ်တခုဖြစ်သည့် ဝစ်ကွန်ဆင် ပြည်နယ် ရီပွန်မြို့ တွင် ဟဲရစ်နှင့်အတူ ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏ သမီးအထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီက ပါဝင်ပြီး ကင်မလာအား ထောက်ခံစည်းရုံးဟောပြောခဲ့သည်။ လစ်ဇ်ချိန်နီက
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 27 Views
အောက်တိုဘာလ ၂ ရက်။ အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက အောက်တိုဘာလ (၁) ရက်နေ့က ကြေညာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အလုံးစုံစစ်ပွဲအတွက် စိုးရိမ်မှုများ ကြီးထွားလာနေပါသည်။ အောက်တိုဘာလ (၁)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ် လက်ဘနွန်တောင်ပိုင်းမြေပြင်ကျူးကျော်တိုက်ခိုက်ကြောင်း ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 430 Views
အောက်တိုဘာလ (၁) ရက်။ ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် “ ကန့်သတ်မြေပြင်စစ်ဆင်ရေး” ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ နယ်စပ်အနီး CNN သတင်းအဖွဲ့၏ အခြေစိုက်စခန်းမှ သေနတ်သံများကြားရပြီး
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် ကျောင်းသား ၂၀၊ ဆရာမ ၃ ဦး သေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 18 Views
ကျောင်းလေ့လာရေးခရီးသည် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ပြီး ၁၉ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရ အောက်တိုဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက် အင်္ဂါနေ့တွင် Pathum Thani ၏ Rangsit ဧရိယာရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် Uthai