နွားထိုးကြီးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေ၊ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ (၁၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး နွားထိုးကြီးမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့ကညပိုင်းထဲက နွားထိုးကြီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ ဒီကနေ နံနက်အစောပိုင်းမှာလဲ မြို့ထဲထိ...