ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်လို့ ဆန်စပါးအသင်းချုပ်က ဥက္ကဋ္ဌအပါအ၀င် တာ၀န်ရှိသူတွေကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
ဇွန်လ (၂၂)ရက်။ ပြည်တွင်းမှာ ဆန်းဈေးနှုန်းမြင့်တက်လာတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဥက္ကဋ္ဌအပါအ၀င် တာ၀န်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆန်စပါးအသင်းချုပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်ကော ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်အောင်တို့ပါတယ်ပြောတယ်၊ နောက်ပြီး ဆန်ပွဲစားတွေလဲ ခေါ်စစ်ခံနေရတယ်၊...









