ကျောက်မဲတိုက်ပွဲထဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၇)ကြိမ် ပစ်ခတ်ခဲ့
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်က ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ ခမရ(၅၀၁၊ ၅၀၂)စခန်းကုန်းကို တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၅၀၁၊ ၅၀၂)စခန်းကုန်းဟာ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်ပြီး...









