နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးကာလထဲ စစ်အုပ်စုကြောင့် အမျိုးသမီး (၁၀၀၀)ကျော် သေဆုံးခဲ့

စက်တင်ဘာလ (၂)ရက်။

အာဏာသိမ်းချိန်ကစပြီး နိုင်ငံတ၀န်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁၃၂)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကနေ အခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့အထိ နိုင်ငံတ၀န်းမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး (၅၆၄၉)ဦးရှိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ သေဆုံးရတဲ့ အကြောင်းအရင်းထဲ ‌လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အများဆုံးဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာနဲ့ အခြားနည်းလမ်းနဲ့ သေဆုံးတာတွေ ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ အရေအတွက်ဟာ ရန်ကုန်မြို့မှာ (၁၄၄၀)ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးမှာ (၉၀၀)ကျော်၊ စစ်ကိုင်းမှာ (၇၀၀)ကျော်၊ ပဲခူးမှာ (၄၀၀)ကျော်နဲ့ တနင်္သာရီ၊ မကွေး၊ ဧရာ၀တီ၊ မွန်၊ ရှမ်း၊ ကချင်၊ ကရင်၊ နေပြည်တော်၊ ရခိုင်၊ ချင်၊ ကယားတို့လဲ ပါ၀င်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေအပါအ၀င် တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသတွေမှာပါ အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အကြောင်းမဲ့စွပ်စွဲချက်တွေနဲ့ အချိန်မရွေး ဖမ်းဆီးထိန်းသိမ်းတာတွေ ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးအများစုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း နည်းလမ်းအမျိုးမျိုးနဲ့ ကြီးမားပြင်းထန်တဲ့ ချိုးဖောက်စော်ကားတာတွေကို ဖမ်းဆီးခံရချိန်ကစပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်ထဲ ကာလတွေမှာ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားလက်လွှတ် ဖမ်းဆီးသတ်ဖြတ်တာနဲ့ အကြမ်းဖက်တာတွေကို ဆိုးရွားစွာ ကြုံတွေ့နေရပေမယ့် နွေဦးတော်လှန်ရေးမှာ အမှန်တရားအတွက် အမျိုးသမီးထုရဲ့ ရဲရင့်မှုနဲ့ ကြိုးပမ်းတာတွေဟာ ချီးကျူးဂုဏ်ပြုဖွယ်ရာ၊ လေးစားအသိအမှတ်ပြုဖွယ်ရာလို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 22 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 24 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 24 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏