နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်အနေနဲ့ စစ်ကောင်စီအပေါ် အကာအကွယ်ပေးတာအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ GSCB ထုတ်ပြန်

စက်တင်ဘာလ (၂)ရက်။

တရုတ်အနေနဲ့ မြန်မာပြည်သူတွေ ဆန္ဒနဲ့ဆန့်ကျင်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံတာနဲ့ တရား၀င်ဖို့ အကာအကွယ်ပေး ရပ်တည်တာအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအခါ တိုင်းရင်းသားပြည်သူတရပ်လုံး လွတ်မြောက်ဖို့အတွက် မြန်မာပြည်အနှံ့အပြားမှာ စစ်ရေးနည်းသာမက လူထုနည်းနဲ့ပါ မင်းအောင်လှိုင် စစ်အုပ်စုကို အဆုံးသတ်နိုင်ဖို့အတွက် မြန်မာပြည်သူတရပ်လုံး အသက်သွေးချွေးတွေနဲ့ရင်းပြီး တွန်းလှန်တိုက်ပွဲ၀င်နေကြချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိအပါအ၀င် ဗဟိုအစိုးရအဖွဲ့နဲ့ နယ်စပ်ဒေသရှိ ယူနန်အာဏာပိုင်တွေက ကချင်၊ တအာင်း၊ ကိုးကန့်နဲ့ ရခိုင်ပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲအပေါ် ခြိမ်းခြောက်ဖိနှိပ်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို ရပ်တန့်ဖို့ ကြိုးစားနေတာကို ၀မ်းနည်းစိတ်ပျက်ဖွယ် ကြားသိ၊ မြင်သိနေရတယ်လို့ ဖော်ပြထားပါတယ်။

ပန်းခင်းတခုလုံးဖျက်ဆီးပြီး နွေဦးလာမှာကို တားဆီးဖို့ကြိုးစားသလို မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး ကျဆုံးတော့မယ့်အရေးကို ရပ်တန့်တားဆီးဖို့ ကြိုးစားတာက ဆိုးဝါးတဲ့လုပ်ရပ်လို့ ထုတ်ပြန်ချက်ထဲ တရုတ်အစိုးရကို အသိပေးထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတရပ်လုံးက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ လက်နက်ကိုင်အင်အားစုတွေအပါအဝင် မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ပြည့်ပြည့်ဝဝ ရပ်တည်နေတယ်လို့ ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပါအဝင် စစ်တပ်ကြီးစိုးစေမယ့် ဘယ်လိုနိုင်ငံရေးလုပ်ငန်းစဥ်ကိုမှ အယုံအကြည်မရှိဘဲ စစ်ကောင်စီ အလုံးစုံပျက်သုဥ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တရပ် တည်ဆောက်ရေးကိုသာ တိုက်ပွဲ၀င်နေတာလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ ဆင်နွှဲတိုက်ပွဲဝင်နေတဲ့ အရေးတော်ပုံကြီးကို နှောင့်နှေးအားနည်းစေဖို့ ကြိုးပမ်းတဲ့ ဘယ်လို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရတွေကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို