စစ်ကောင်စီဖွဲ့စည်းတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ရဲ့ မနေ့က ကြေညာထားချက်အရ သိရပါတယ်။ အဲ့ဒီအဖွဲ့တွေရဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ စစ်သင်တန်းပေးတာနဲ့ အဖွဲ့ဝင်အနေနဲ့ စေခိုင်းတာတွေက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ...









