နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒိုက်ဦးအကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာမရလို့ နိုင်/ကျဉ်းတစ်ဦး ထပ်မံသေဆုံးခဲ့

မေလ (၁၁)ရက်။

မေလ (၈)ရက်နေ့ ည(၈)နာရီခန့်က ဒိုက်ဦးအကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထောင်ထဲသေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ လယ်ဝေးမြို့ခံ အသက်(၃၂)နှစ်အရွယ်ရှိ ကိုလင်းလင်းထွန်းဖြစ်ပြီး ပုဒ်မ၅၀(ည)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုလင်းလင်းထွန်းဟာ ဖမ်းဆီးခံရပြီး စစ်ကြောရေးကနေရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာတွေကြောင့် ထောင်ထဲ ဆေးဝါးစောက်ရှောက်မှုရရှိဖို့ မကြာခဏတောင်းခံခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

မေလ(၇)ရက်နေ့က ကိုလင်းလင်းထွန်းရဲ့ ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်နေတဲ့အချိန် ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံကို အချိန်မှီမပို့ခဲ့ဘဲ အသက်ဆုံးရှုံးခါနီးမှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒိုက်ဦးထောင်ထဲမှာ ဖေဖော်ဝါရီလကစပြီး မေလ (၈)ရက်နေ့အထိ (၃)လတာကာလထဲ ဆေးဝါးလုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၃)ဦးရှိတယ်လို့ PPNM က ပြောဆိုထားပါတယ်။

အခုလို ထောင်ထဲ သေဆုံးခဲ့ရတဲ့ ကျန်နိုင်ငံရေးအကျဉ်းသား (၂)ဦးဟာ ပုဒ်မ ၅၀၅(က)/၁၄၂နဲ့ ထောင်ဒဏ် (၈)နှစ်ချခံရတဲ့ အသက်(၆၈)နှစ်အရွယ် ဦးအေး၀င်းနဲ့ ပုဒ်မ၅၀၅/၅၂(က)/၅၀(ည)တို့နဲ့ ထောင်ဒဏ် (၁၄)နှစ်ချခံခဲ့ရတဲ့ အသက်(၆၄)နှစ်အရွယ် ဦးခင်စိုးတို့ဖြစ်တယ်လို့ သိရပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အဖေခေါ်စရာမရှိတဲ့အခြေအနေမှာ NUG ကို အားကိုးကြောင်းနဲ့ NUG အနေနဲ့ ဒီအခြေအနေတွေကို အမြန်ဆုံးအဆုံးသတ်ပေးစေလိုကြောင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ထောင်တွင်းအတွေ့အကြုံတွေကို နားထောင်လိုပါက

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က