နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ CDF-Kanpetlet တပ်ဖွဲ့ဝင်များကို သတင်းထုတ်ပြန်

မေလ (၁၂) ရက်။

ကျင်ဒွေးမြို့စခန်းသိမ်းတိုက်ပွဲအတွင်း တိုက်ပွဲအတွင်းနဲ့ စစ်ဆင်ရေးအတွင်း တာဝန်ထမ်း ဆောင်နေစဉ်မှာ ကျဆုံးသွားခဲ့တဲ့ CDF-Kanpetlet တပ်ဖွဲ့ဝင်များတွေကို ဒီနေ့ မေလ (၁၂) ရက်နေ့မှာ CDF-Kanpetlet က သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင်များတွေကို CDF-Kanpetlet က အစဉ်အမြဲလေးစားဂုဏ်ယူပကြောင်းနဲ့ ကျန်ရစ်သူ မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပြီး မှတ်တမ်းတင်တယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး CDF-Kanpetlet နဲ့ မဟာမိတ်တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ “ချင်းညီနောင်စစ်ဆင်ရေး” အမည်နဲ့ ချင်းညီနောင်အဖွဲ့၊ AA, YDF, GZA အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့မှာ ကျင်ဒွေးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မြို့ကိုစွန့်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးနဲ့ ဆေးပစ္စည်းတွေအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိမှာ စစ်အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကျော် ပြန်ဆပ်ဖို့ ကျန်ရှိနေသေးတာ‌ကြောင့် CDF-Kanpetlet ကို ကူညီထောက်ပို့ပေးကြဖို့ CDF-Kanpetlet မှ မိဘပြည်သူတွေကို အကူအညီတောင်းထားပါတယ်။

CDF-Kanpetlet ဘက်က စုစုပေါင်း ၁၃ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့အမည်စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

9-2024ဆလိုင်းကွီးရှိမ်း

8-2024 ဆလိုင်းနေလင်းအောင် ခေါ် ကိုထုန်ကွီး

7-2024 ဆလိုင်းရဲမန်အောင်

6-2024 ဆလိုင်းရှိုခိုင်

5-2024ဆလိုင်းလိန်းထန်း

4-2024 ဆလိုင်းနိုင်းထမ်း

3-2024 ဆလိုင်းမနားဟုန်း

2-2024 ဆလိုင်းစောကွီး

1-2024 ဆလိုင်းရွှေဝင်း

9-2023 ဆလိုင်းလိန်းကီး

8-2023 ဆလိုင်းပီတာလိန်းဟုန်း

7-2023 ဆလိုင်းချိုင်မနား

6-2023 ဆလိုင်းဖွေထန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 125 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို