အခုအချိန်ဟာ လူထုတပ်ပေါင်းစုကြီးအနေနဲ့ ရုန်းထပါဝင်လာဖို့လိုတယ်လို့ NUG ယာယီသမ္မတပြော
မတ်လ (၂၆)ရက်။ စစ်ကောင်စီ ယိုယွင်းပြိုလဲတဲ့ အခုလိုအချိန်ဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအနေနဲ့ ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက်...








