မေလ (၁၇)ရက်။
မနေ့က ရွှေဘိုမြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးတို့ကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွှေဘိုမြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးကို Multirotor (၂)စီး၊ Fixed Wings (၃)စီးနဲ့ ဗုံးသီး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်တိတိကျကျကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
“မြို့ပေါ် UG တွေရဲ့ သတင်းပေးပို့ချက်အရ ရွှေဘိုဆေးရုံကြီးကို လူနာတင်ကား (၉)စီးနဲ့ဝင်သွားပြီး (၈)ဦးသေပြီး (၈)ဦးပြင်းထန်ဒဏ်ရာရရှိသွားပါတယ်”လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အထဲ စစ်ကောင်စီရဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦးနဲ့ ဒုရဲအပ် တင်ထွန်းလင်းအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ချမ်းဝင်း၊ ဇော်ထိုက်(ခ)ဂျက်ကော့အပြင် (၈)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ဆင်ရေးအပြီးမှာ မဟာမိတ်အဖွဲ့ရဲဘော်တွေ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ပေမယ့် Drop For Justice-DFJ ရဲ့ Fixed Wings Drone တစ်စီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)၊ Project Flight(Fight for Democracy)ဒရုန်းတပ်ဖွဲ့၊ Drop For Justice(DFJ)၊ Flying Dragon Force၊ တာနောယက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF.NK Drone၊ ရွှေဘိုအားမာန် မြိုပြပျောက်ကျားနဲ့ သိင်္ခအားမာန်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။








