ခန္တီးခရိုင်ထဲ စစ်ကောင်စီစစ်ခန်း (၄)ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့
ဧပြီလ (၈)ရက်။ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီရဲ့ ခမရ(၃၆၉၊ ၃၇၀)နဲ့ ပျူစောထီးအခြေပြုတဲ့ စခန်း (၄)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစခန်း (၄)ခုဟာ ဟုမ္မလင်းမြို့၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနဲ့...









