ပျူစောထီးရွာတွေအနီးရှိ ရွှေဘို၊ သင်တောနဲ့ ရေသာရွာတို့က မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်အကူအညီလိုအပ်နေ
မေလ (၂၃)ရက်။ ပျူစောထီးရွာတွေနဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘို၊ သင်တောနဲ့ ရေသာရွာတို့က မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဂန့်ဂေါမြို့နယ်-ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၆)ရက်နေ့ နံနက်(၆)နာရီကစပြီး ဂန့်ဂေါမြို့မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးရွာ(၁၂)ရွာက...








