နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 20 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို AA အရှင်ဖမ်းမိ

ဧပြီလ (၇) ရက်။

စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်၊ ကြည်း/၄၁၁၄၇ အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၄) နာရီခန့်မှာ ဘူးသီးတောင်မြိုနယ်၊ ဘဒနာကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော်က ဒဏ်ရာတွေနဲ့ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

DSA အပတ်စဉ် (၄၇)၊ အသက် (၄၀) အရွယ် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ဟာ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော်ဆေးတပ်ဖွဲ့က လူသားချင်းစာနာစွာနဲ့ ဆေးကုသပေးနေတာကို ရုပ်သံနဲ့ ထုတ်ပြန်ထားပါတယ်။

ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို ရက္ခိုင့်တပ်တော်က လိုက်လံတိုက်ခိုက် ချေမှုန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲဝင် (၁၀) ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသေးတဲ့ သူတွေကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းနေတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
မတ်လ (၂၀)ရက်။ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေက တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့
မြန်မာသတင်း

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ပြီး မြန်မာအရေး ပံ့ပိုးကူညီဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 9 Views
မတ်လ (၂၀)ရက်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးကူညီဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 7 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင်
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 8 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၁၅)လောက်မှာ စခတွေက
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 39 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စစ်ကိုင်းဘက်ကလာတဲ့ PDF
မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 14 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့်
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “