မြောက်ဦးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မြို့ပေါ်နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကာ အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်၊ ခေတ်မျတ်လုံး။ ဒီဇင်ဘာလ (၂၄)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ခမရ(၅၄၀)နဲ့ ခမရ(၃၇၇)တို့က လက်နက်ကြီးနဲ့ အကြိမ်(၁၀၀)ကျော် ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်တွေရဲ့...









