နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းလူမျိုးတွေ စည်းလုံးညီညွတ်မူ မရှိဘဲ ချင်းအစိုးရကို ဖွဲ့စည်းပါက အသိမှတ်ပြုမည် မဟုတ်ဟု မတူမျိုးနွယ်စုများ ကြေညာချက်ထုတ်

ဖေဖော်ဝါရီလ (၂) ရက်။

ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေ စည်းလုံးညီညွတ်မူမရှိဘဲ ချင်းအစိုးရကို အတင်းအဓမ္မဖွဲ့စည်းပါက ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ ဇန်နဝါရီလ (၂၈) ရက်နေ့ ရက်စွဲနဲ့ ကြေညာထုတ်ပြန်ထားပါတယ်။

လက်ရှိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ကောင်စီ (ICNCC) နဲ့ Chinland Council နှစ်ဖွဲ့ဖြစ်ပေါ်လာခြင်းဟာ ချင်းလူမျိုးတွေကြား စည်းလုံးညီညွတ်ရေး ပြိုကွဲလာမယ့် အခြေနေတွေ ကြုံတွေ့နေရတဲ့အတွက် နှစ်ဖွဲ့လုံးမှ တာဝန်ရှိသူတွေအနေနဲ့ ချင်းပြည်သူတွေ စိတ်ဝမ်းမကွဲရေး အမြန်ဆုံး တွေ့ဆုံညှိနှိုင်းပြီး ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ICNCC နဲ့ Chinland Council အပါအဝင် ဘယ်အဖွဲ့စည်းမဆို ချင်းလူမျိုးတွေ ပြန်လည်စည်းလုံးညီညွတ်မူ မရှိမခြင်း ချင်းအစိုးရဖွဲ့စည်းတာကို အလျင်စလို မဆောင်ရွက်ကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ချင်းလူမျိုးတွေ စုစည်းညီညွတ်မူမရှိဘဲ ချင်းအစိုးရဖွဲ့စည်းခြင်းကို အတင်းအဓ္ဓဆောင်ရွက်တဲ့ ဘယ်အဖွဲ့စည်းမဆို ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူ/တာဝန်ခံရမှာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

တူမီးနဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ခဲ့တဲ့ CDF-Mindat, CDF-Kanpetlet အစရှိတဲ့ CDF တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကို မထည့်သွင်းဘဲ စစ်ကောင်စီကို အနိုင်မတိုက်သေးဘဲ နိုင်ငံရေးအရ ဖျာဝင်ခင်းတဲ့ အဖွဲ့တွေကို လက်မခံဘူးလို့ မြေပြင်အင်အားစုတွေက ပြောပါတယ်။

Chinland Council ဘက်ကလည်း ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်ကောင်စီကို ချင်းပြည်မှာ အပြီးသတ် မတိုက်ဘဲ အလျင်စလို ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဖွဲ့စည်းတာဟာ နိုင်ငံရေးအရ ဖျာခင်းတာသာဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို