အကြမ်းဖက်စစ်တပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုမှာ နေအိမ် ၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့
၂၀၂၃ ခုနှစ် ၊ ဇွန် (၂၈)ရက် ၊ ခေတ်မျက်လုံး။ အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှာ ပြည်သူ့နေအိမ် ၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာပစ်တိုင်းတောင်လေးများအဖွဲ့ထံက သိရပါတယ်။ ဇွန်လ ၉ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်တပ်ရဲ့ ညောင်ပင်ကြီးရဲစခန်းကို...









