နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးရိုးမဖြတ်လမ်းနယ်​မြေစိုးမိုး​ရေး PDF များ​ ဆောင်ရွက်

ရိုးမဖြတ်ကျော်လမ်းတွင် စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်

ပဲခူးတိုင်းအနောက်ခြမ်းနှင့်အရှေခြမ်းကိုဆက်သွယ်ထားတဲ့ပဲခူးရိုးမဖြတ်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်နေပြီး စစ်ဆေးရေးတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီ ရိုးမဖြတ်ကျော်လမ်းမှာ လိုအပ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်နေပြီ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အနီးအနား သွားလာခြင်း နေထိုင်ခြင်းတွေကို မပြုလုပ်ကြဖို့အတွက်လည်း အမှတ် (၂) စစ်ဒေသခွဲ၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) က အသိပေးထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်ကို ပဲခူးရိုးမအား ဖြတ်ပြီးဖောက်လုပ်ထားတဲ့လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အဲဒီ ရိုးမဖြတ်လမ်းဟာ ရန်ကုန်−မန္တလေးအမြန်လမ်းနဲ့ ဆက်သွယ်ထားတဲ့ လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊ အမှတ် (၂) စစ်ဒေသခွဲဟာ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနဲ့ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းတွေကို နေ့စဉ် ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း မသွားလာကြရန် သတိပေးထားပါတယ်။

အခုအခါမှာ စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်းအတွင်း မင်းလှနဲ့ ပေါင်းတည်မြို့တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Era’sEye/ (သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ဒေါပုံမြို့မရဲစခန်းမှာ အချုပ်သား (၄)ဦး ထွက်ပြေးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီအချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မြို့မရဲစခန်းက အချုပ်သားအချို့ အချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တပတ်တာ တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ ‌အခုတပတ်တာထဲ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို (၁၈)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂ဝ)ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က (၄)ဦးကျဆုံးခဲ့ပြီး (၁၈)ဦး
မြန်မာသတင်း

မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ငွေကျပ် (၇)ဘီလီယံကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မန္တလေး ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မယ်ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းခဲ့ရာကနေ အမျိုးသား (၂)ဦးကို
မြန်မာသတင်း

CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝမကူညီနိုင်တာတွေကို နားလည်ပေးဖို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉)ရက်။ CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝ မကူညီနိုင်ခဲ့တာတွေကို နားလည်ပေးဖို့ NUG ယာယီငမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ (၄)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူတရပ်လုံးကို မေတ္တာရပ်ခံလိုတာကတော့
1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့
မြန်မာသတင်း

စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ အာဏာရှင်တော်လှန်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ လူစည်ကားတဲ့ ဈေးတစ်ခုမှာ စစ်အာဏာရှင်တေယ်လှန်တဲ့ လှုပ်ရှားမှုတရပ်ကို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ “ စစ်အာဏာရှင်ကို တော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူ ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ”
မြန်မာသတင်း

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၈)ရက်။ မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က NLD အဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလပဉ္စမအကြိမ် အစည်းအဝေးကို