လမ်းကင်းယူနေသည့် BGFကို KNLA တပ်မဟာ (၅)တိုက်ခိုက် ၊ လက်နက်ခဲယမ်း များသိမ်းဆည်းရမိ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင်အတွင်း မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကို KNLA အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ BGF ဘက်က သေဆုံးမှုရှိပြီး လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။...








