မိုခါမုန်တိုင်းဒဏ်သင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို EU က ယူရို ၂ သန်းခွဲ ကူညီ
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီအနေနဲ့ ယူရိုငွေ ၂.၅ သန်းကို ကူညီမယ်လို့ ဥရောပသမဂ္ဂ (အီးယူ) က ထုတ်ပြန်ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေကို ရောက်ရှိနိုင်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ပျက်စီးမှုအတိုင်းအဆကို ပြည့်ပြည့်စုံစုံ မသိနိုင်သေးပါဘူး။...









