စစ်ကိုင်းဖိုရမ်ကို NUG အစိုးရ သဝဏ်လွှာပေးပို့
စစ်ကိုင်းဖိုရမ်က တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက် စစ်ကိုင်းတိုင်းရဲ့ အင်အားကို ပိုမိုညီညွတ်အားကောင်းစေနိုင်မယ်လို့ ယုံကြည်ကြောင်း မေလ (၃၀) ရက်နေ့က ပြုလုပ်တဲ့ စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊...









