နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တ လေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသဟာ မေ ၂၅ရက် ညပိုင်း ၁၁နာရီ ၁၁မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူခဲ့တာပါ။
ဆရာတော်ဟာ ကျန်းမာရေးချို့ယွင်းလာလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်း ရက်ရှည်ဆေးကုသမှုခံယူခဲ့ပါသေးတယ်။
ဆရာတော် သီတင်းသုံးရာ မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်မှာပဲ ပျံလွန်တော် မူခဲ့တာဖြစ်ပါတယ်။
ဗန်းမော်ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅နှစ်၊ ဝါတော် ၇၅ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Era’sEye/Photo -CRD