ပြည် အကျဉ်းထောင်က အကျဉ်းသား ၅၀ နီးပါးလွှတ်ပေး
စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြု လိုက်တယ်လို့ မေလ ၃ ရက် မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ပြီး နောက်ပိုင်းမှာ...









