ရေဦးမြို့နယ် ရှိ အထက်တန်းပြ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ထန်းတောရွာမှာရှိတဲ့ အထက်တန်းပြ စာသင်ကျောင်းကို စစ်တပ်က မနေ့က မွန်းလွဲ ၂ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကြောင်းထိုးလာတာမရှိဘဲနဲ့ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ People’s...









