ဟားခါးနယ် ခွာပီးရွာကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ချင်းရဲဘော်နှင့် ပြည်သူအချို့သေဆုံးထိခိုက်မှုဖြစ်ပေါ်
ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ခွာပီးကျေးရွာကို စစ်ကောင်စီတပ်က မေလ ၈ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီလို လေကြောင်းက တိုက်ခိုက်ခံရ တာကြောင့်အရပ်သားအချို့သေဆုံးခဲ့ပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ အကျအဆုံးရှိသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ထုတ်ပြန်ထားပါတယ်။








