ညောင်ဦးမြို့နယ်ထဲ လက်နက်ကိုင်ဗိုလ်ကျနေတဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ မြို့နယ်ပကဖထုတ်ပြန်
နိုဝင်ဘာလ (၁၈)ရက်။ ညောင်ဦးမြို့နယ်ထဲ PDF အမည်ခံပြီး ပြန်ပေးဆွဲတာ၊ ဖမ်းဆီးငွေညှစ်တာနဲ့ လက်နက်အားကိုးနဲ့ ဆက်ကြေးငွေတောင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲတာတွေ၊ ပြည်သူတွေကို...









