ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပေးအပ်တာဟာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေထဲက စစ်မှုထမ်းကာလ (၃)ပုံ (၁)ပုံ လျှော့ပေါ့ခွင့်ရရှိတဲ့...









