နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်ဟု ပြင်သစ်သမ္မတမက်ခရွန်းပြော
ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် ၂ ကြိမ်ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို...