နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ရုရှားသည် ယူကရိန်းသို့ များပြားသည့် ဒရုန်းနှင့် ဒုံးကျည်များ ပစ်ခတ်မှုကြောင့် စွမ်းအင်အခက်အခဲနှင့်ယူကရိန်း ရင်ဆိုင်နေရ

နိုဝင်ဘာလ (၂၉) ရက်။

ယူကရိန်းစွမ်းအင်ဝန်ကြီးက အရေးပေါ် ဓာတ်အား ပြတ်တောက်မှု စတင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် တာဝေးပစ် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြားတွင် ယူကရိန်း၏ ဒေသအားလုံးသည် ကြာသပတေးနေ့ အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ခံနေရပြီး လူပေါင်း ၁ သန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

သမ္မတ ဗလဒီမာဇလန်းစကီးက ယူကရိန်းနိုင်ငံထဲကို ဒရုန်းအစင်းရေ ၁၀၀ လောက်နဲ့ ဒုံးကျည် ၉၀ ကျော်ကို ရုရှားက ပစ်လွှတ်ခဲ့ပြီး အစုလိုက်အပြုံလိုက် ခဲယမ်းတွေတင်ဆောင်လာတဲ့ ဒုံးကျည်တွေအပါအဝင်၊ “ဒီလို တိုက်ခိုက်မှုတစ်ခုစီတိုင်းဟာ ယူကရိန်းမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လိုအပ်နေပြီဆိုတာ သက်သေပြနေပြီး အသက်တွေကို ကယ်တင်ဖို့၊ ဒါတွေကို သိုလှောင်စခန်းတွေမှာထားဖို့ မဟုတ်ပါဘူး” ဟု ထပ်လောင်းပြောကြားခဲ့သည်။

“အထူးသဖြင့် ဒီဆောင်းရာသီမှာ ရုရှားရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုများကနေ ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဇလန်းစကီးက ဆိုသည်။

ယူကရိန်းလေတပ်က ရုရှားသည် ဒုံးကျည် ၉၁ စင်း ပစ်လွှတ်ခဲ့ပြီး သူတို့က ၇၉ စင်းကို ပစ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံမှ ဒရုန်း ၉၇ စင်းကိုလည်း ပစ်လွှတ်ခဲ့ကြောင်း၊ ယင်းတို့အနက် ၃၅ စင်း ပျက်ကျခဲ့ပြီး ၆၂ စင်းကို ပိတ်ဆို့ပြီး ရပ်တန့်သွားအောင်လုပ်ခဲ့ကြောင်း ဆိုခဲ့သည်။

“ပဲ့ထိန်းလေယာဉ် ၃ စင်းနဲ့ ရန်သူ UAV ၃၅ စင်းကို ပစ်ချခဲ့ပြီး ၆၀ ကျော်ဟာ နေရာကို မရှာဖွေနိုင်ဘဲ ဆုံးရှုံးခဲ့ပါတယ်” ဟု လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “စုစုပေါင်း တိုက်ခိုက် မှု ၁၂ ကြိမ်ကို မှတ်တမ်းတင်ထားပြီး အဓိကအားဖြင့် လောင်စာဆီနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ စက်ရုံများကို ထိခိုက်ခြင်း ဖြစ်ခဲ့သည်။

ရုရှားသည် ၎င်း၏လက်နက်များနှင့် နည်းဗျူဟာများကို ပြောင်းလဲနေပြီး ဒုံးကျည်များကို ကြားဖြတ်ရန် ပိုမိုခက်ခဲစေသည်ဟု လေတပ်က ပြောကြားခဲ့သည်။ ဥပမာအားဖြင့်၊ “အပူနှင့် ရေဒါထောင်ချောက်များကို ပစ်ခတ်ခြင်းနှင့် အီလက်ထရွန်းနစ်စစ်ဆင်ရေး ကိုယ်ရေးကိုယ်တာ ကာကွယ်မှုနည်းလမ်းများကို အသုံးပြု၍ ဒုံးကျည်များပေါ်တွင် တိုက်ရိုက်တပ်ဆင်ခြင်း” တို့ကို ပြုလုပ်လာပါသည်ဟု ဆိုသည်။

အဆိုပါ အစီအမံများအပြင် ဒရုန်းများနှင့် ဒုံးပျံအများအပြားကို အတူတကွ ပစ်ခတ်ခြင်းသည် ဆိုဗီယက်လုပ် လေယာဉ်ပစ်ဒုံးကျည်စနစ်များ၏ လုပ်ဆောင်ချက်သည် သိသိသာသာ ရှုပ်ထွေးမှုရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အနောက်တိုင်းလုပ် အခြေခံပလက်ဖောင်းဒုံးများသည် ပိုမိုထိရောက်သည်ဟု လေတပ်က ပြောသော်လည်း ယူကရိန်းတွင် အရေးပါသော အခြေခံအဆောက်အအုံ ရာပေါင်းများစွာကို စိတ်ချယုံကြည်စွာ ကာကွယ်ရန်အတွက် ကာမိရန် လုံလောက်သောအရေအတွက် မရှိသေးပါ။

ရာသီဥတုအခြေအနေကလည်း အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်ဟု လေတပ်က မှတ်ချက်ပြုသည်။ “မြူထူထပ်ခြင်းနှင့် တိမ်ထူထပ်ခြင်း” သည် မြေပြင်တပ်သားများနှင့် တိုက်လေယာဉ်မှူးများအတွက် ဝင်လာသော ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ဟန့်တားရန် ခက်ခဲစေသည်ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူမိုင် (Sumy) ခရိုင်ရှိ မာလေးဘောဘစ် (Maly Borbik) အခြေချနေထိုင်ရာအနီး ဒုံးကျည်လေးစင်း တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ထိုတိုက်ခိုက်မှုအပြီးတွင် မော်စကိုရဲ့ ဒုံးပျံစွမ်းရည်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။

“ကမ္ဘာပေါ်မှာ ရုရှား အသံထက်မြန်တဲ့ အသံစနစ်နဲ့ ဒုံးပျံတွေနဲ့ တူညီတာတွေ မရှိဘူး၊ ဒီဒုံးတွေရဲ့ထုတ်လုပ်မှုတွေကို တိုးလုပ်နေပါတယ်” ဟု ကာဇက်စတန်နိုင်ငံ၊ အက်စတာနာ (Astana) တွင် ကြာသပတေးနေ့က ပြုလုပ်သော CSTO ၏ စုပေါင်းလုံခြုံရေးကောင်စီ အစည်းအဝေးတွင် သူက ပြောကြားခဲ့သည်။

“ရုရှားဖက်ဒရေးရှင်းဟာ နေတိုးနိုင်ငံအားလုံး ပေါင်းစည်းထားသော ဒုံးကျည်တွေထက် ၁၀ ဆ ပိုမိုထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု လေးပုံတစ်ပုံ တိုးလာမှာ ဖြစ်တယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီး ဂျာမန်ဂါလပ်ရှ်ချန်ကို (German Galushchenko) သည် ယူကရိန်းတစ်ဝှမ်းရှိ အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများနှင့်အတူ နိုင်ငံ၏ စွမ်းအင်ကွန်ရက်သည် “ကြီးမားသော ထိုးနှက်ချက်” နှင့် ရင်ဆိုင်ခဲ့ရကြောင်း Facebook တွင် ရေးသားခဲ့သည်။

နိုင်ငံပိုင် လျှပ်စစ်ဂရစ်ကို ထိန်းချုပ်ကြီးကြပ်သည့်အော်ပရေတာ Ukrenergo၊ Galushchenko က တိုက်ခိုက်မှုများကြောင့် အရေးပေါ် ဓာတ်အား ပြတ်တောက်မည့် အချိန်ဇယားသို့ ပြောင်းရွှေ့လုပ်ဆောင် ခဲ့သည်။ ဥကရင်နာဂို(Ukrenergo) က ယခုတိုက်ခိုက်မှုသည် ၂၀၂၄ ခုနှစ်အထိ စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ ဒုံးပျံနှင့် ဒရုန်းပေါင်းစပ်တိုက်ခိုက်မှု ဆယ်ခုမြောက်ဖြစ်ကြောင်း Telegram တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘရစ်ဂျစ် ဘရင့် (Bridget Brink) က ကိ့ဗ် တွင် “လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံတွေနဲ့ မြို့ဟာ နိုးကြားလာခဲ့ပြီး ဘန်ကာတွေကနေ လက်ရှိယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံကို ရုရှားနိုင်ငံကနေ ဒုံးကျည်တွေနဲ့ ခြိမ်းခြောက် တိုက်ခိုက်နေမှုကြောင့် နိုင်ငံတစ်ဝန်းလုံး သတိပေး အချက်ပြသံတွေနဲ့ နီရဲနေတာကို ကျွန်တော်တို့ မြင်နေရနေပါတယ်” ဟု ဆိုသည်။

မြို့တော်၏စစ်အုပ်ချုပ်ရေးက ” ခရုဇ်ဒုံးပျံများနှင့် ဒရုန်းအမျိုးအစား အမျိုးမျိုးကို အသုံးပြု၍ ကိ့ဗ် ကို ပေါင်းစပ်ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက် ခဲ့ကြောင်း”သတင်းပေးပို့ခဲ့သည်။

မြို့တော်တွင် သတိပေးချက်သည် ကိုးနာရီကျော်ကြာမြင့်ခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ “ကိယက်ဗ်ကို ခြိမ်းခြောက်တဲ့ ဒုံးပျံတွေနဲ့ ဒရုန်းတွေအားလုံး ဖျက်ဆီးခဲ့ပါတယ်” ဟု Telegram ပို့စ်တစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသအများအပြားတွင် လျှပ်စစ်ဓာတ်အားနှင့် ရေများ ပြတ်တောက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ပိုလန်နယ်စပ်ရှိ နိုင်ငံအနောက်ဘက်ရှိ လစ်ဗ် (Lviv) စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ မက်ဇင်းမ်ကိုဇစ်စကီး (Maxim Kozitsky) က တိုက်ခိုက်မှုအပြီး လစ်ဗ်အိုဘလပ်စ် (Lviv Oblast) ရှိ သုံးစွဲသူ ၅၂၃,၀၀၀ သည် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း Telegram တွင် ပြောကြားခဲ့သည်။

အနောက်ပိုင်း ရီဗိုင်းဘလပ်စ် (Rivne Oblast) ၏အုပ်ချုပ်ရေးမှူး အိုလက်စန်ဒရာ ကိုဗယ် (Oleksandr Koval) က ဒေသတွင်း အခြေချ နေထိုင်မှုနေရာ ၆၈၁ရှိနေထိုင်သူ လူပေါင်း ၂၈၀,၀၀၀ ခန့်သည် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့်သည် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗိုလင်အိုဘလပ်စ် (Volyn Oblast) အုပ်ချုပ်ရေးမှူး အိုင်ဗင်ရူ့နက်စကီ (Ivan Rudnytskyi) က ၎င်း၏ဒေသတွင် လျှပ်စစ် မရှိမရှိသော အခြားလူပေါင်း ၂၁၅,၀၀၀ရှိနေကြောင်း ကို အစီရင်ခံခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားဒေသလေးခုနှင့် သိမ်းပိုက်ထားသော ခရိုင်းမီးယား ဒေသတို့ကို ပစ်လွှတ်ခဲ့သည့် ယူကရိန်း၏ မောင်းသူမဲ့ လေယာဉ် ၂၇ စင်းကို ပစ်ချ ခဲ့ကြောင်း သတင်းပို့ခဲ့သည်။

သမ္မတ ဗလာဒီမာဇလန်းစကီး၏ ရုံးအကြီးအကဲ အင်ဒရီ ယာမတ် (Andriy Yermak) က မော်စကိုသည် “အကြမ်းဖက်နည်းဗျူဟာ” ကို အသုံးပြုနေသည်ဟု Telegram တွင် ရေးသားခဲ့သည်။

သူတို့ဟာ ယူကရိန်းရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ဒုံးပျံတွေကို အစုလိုက် အပြုံလိုက် စုဆောင်းထားပြီး အရပ်သားတွေကို စစ်ရေးအရ အလွန်အေးမြတဲ့ ဆောင်းရာသီဥတုမှာ တိုက်ခိုက်စစ်ခင်းဖို့ ပြင်ဆင်ထားခဲ့ကြတယ်။ သူတို့ရဲ့ ရူးသွပ်တဲ့ မဟာမိတ်တွေ အထူးသဖြင့် [မြောက်ကိုရီးယား] က ကူညီနေတယ်။ ဟု သူက ထပ်လောင်းပြီး ပြောဆိုခဲ့ပါသည်။

“အခု ရုရှားတွေက နိုင်ငံကို ပေါင်းစပ်ထားတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ လုပ်နေတယ်” ဟု Yermak က ဆက်လက်ပြောသည်။ “သူတို့က ကလေးတွေကအစ တိုက်ခိုက်နေကြတယ်” ဟု ဆိုပြီး ယူကရိန်းက ပြန်လည်တုံ့ပြန်မည်ဟု သတိပေးထားသည်။

သတင်းရင်းမြစ်။ အေဘီစီ။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက