နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည်ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည်မဟုတ်ဟုဆို

++++++++++++++++++++++

ဒီဇင်ဘာလ (၈) ရက်။

အမျိုးသားလုံခြုံရေးအကြံပေးက အမေရိကန်သည် ISIS ပြန်လည်ပေါ်ပေါက်လာမှုကို ဟန့်တားရန် ကြိုးစားမည်ဖြစ်သော်လည်း ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) က အမေရိကန် ပြည်ထောင်စုသည် ဆီးရီးယားတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ပါဝင်သွားမည်မဟုတ်သော်လည်း ISIS ၏ ပြန်လည်ပေါ်ပေါက်လာနိုင်သည့် အလားအလာများကို တားဆီးရန် ခြေလှမ်းများလုပ်ဆောင်မည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ဆီးရီးယားသူပုန်၊များ၏ ထိုးစစ်ဆင်မှုများ ကြားထဲက ၎င်း၏ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်သည်။

“အမေရိကန်ဟာ ဆီးရီးယားပြည်တွင်းစစ်ရဲ့ အလယ်မှာ စစ်ရေးအရ ဝင်‌ရောက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့်အရာက အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကိုသာ အာရုံစိုက်လုပ်နေပါတယ်” ဟု ကယ်လီဖိုးနီးယားရှိ ရီဂင် အမျိုးသားကာကွယ်ရေးဖိုရမ်တွင် fireside chat တွင် ဆူလေဗန်က ပြောကြားခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အမေရိကန်သည် မည်သည့် ဘက်ကိုမှ ရပ်တည်မည်မဟုတ်သော်လည်း ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ISIS ပြန်လည် ပေါ်ပေါက်လာမှုကို ဟန့်တားရန်နှင့် ဒေသတွင်းမဟာမိတ်များကို ထောက်ပံ့ရန် လိုအပ်သော ခြေလှမ်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆူလေဗန်က ပြောကြားခဲ့သည်။

“ပထမဆုံး အရေးကြီးတာက ISIS ပြန်လည် ပေါ်ပေါက်လာဖို့အတွက် ဒါကို ခွင့်မပြုပါနဲ့၊ အဲဒါဖြစ်မလာဘူးဆိုတာ သေချာအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

“ဒုတိယအနေနဲ့၊ အစ္စရေး၊ ဂျော်ဒန်၊ အီရတ်နဲ့ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး ရရှိစေဖို့ လေးလေးနက်နက် စိတ်ဝင်စားမှုရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ လုပ်မယ်။ “

တတိယအချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှု အခြေအနေတွေကို လိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပါ။”

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ကို ဆီရီးယားရှိ အလားအလာရှိနေသော အစိုးရအပြောင်းအလဲမှ ရှောင်ရှားရန်နှင့် ပဋိပက္ခကို သူ့အတိုင်းလွှတ်ထားရန် တောင်းဆိုခဲ့ပြီးနောက် ၎င်း၏မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားရှိ ဖြစ်ရပ်များသည် ယူကရိန်းစစ်ပွဲကြောင့် ရုရှား၏ အရင်းအမြစ်များ ယိုယွင်းမှု ရလဒ်များ ဖြစ်သည်ဟု ပို့စ်တွင်‌ ဖော်ပြခဲ့သည့် ထရန့်၏ ခွဲခြမ်းစိတ်ဖြာချက်ကို ဘိုင်ဒင်အုပ်ချုပ်ရေးမှ အလေးအနက် သဘောတူညီချက်ဖြစ်ကြောင်း ဆူလေဗန်မှ မှတ်ချက်ပြုခဲ့သည်။

အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ခြင်း ခံရသည့် သူပုန်တပ်များ၏ ရှေ့ဆောင်အဖွဲ့အား နောက်ဖြစ်ပေါ်လာမည့်အရာနှင့်ပတ်သက်၍ တာဝန်ရှိသူများက စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“(၎င်း) တွင် အမေရိကန်များ၏သွေးများ စွန်းထင်းနေသောအုပ်စုများနှင့် ဆက်စပ်နေသော အစိတ်အပိုင်းများ ရှိသည်” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

ဒေသတွင်းမှာ ယိုဖိတ်လာနိုင်တဲ့သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက မည်မျှစိုးရိမ်ကြောင်း မေးမြန်းသောအခါ ဆူလေဗန်က “ဒါဟာ စိုးရိမ်စရာပဲ” လို့ ဝန်ခံပြီး အရာရှိတစ်ဦးက အနီးကပ် စောင့်ကြည့်နေပါတယ်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက