ရေဦးနယ်ထဲ မီးဘေးသင့်စစ်ရှောင်ပြည်သူ (၁၀၀၀၀)ကျော် အရေးပေါ်အကူအညီလိုအပ်နေ
နိုဝင်ဘာလ (၁၅)ရက်။ ရေဦးနယ်ထဲက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူ (၁၀၀၀၀)ကျော်ဟာ အညာဒေသမှာ ဆောင်းရာသီကို ရောက်ရှိလာတာနဲ့အတူ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဆောင်းတွင်းထဲ ဝင်လာပြီဖြစ်တာကြောင့် အညာဒေသမှာရှိတဲ့ မီးဘေးသင့်ပြည်သူတွေအတွက်ကော စစ်ကြောင်းထိုးလာရင်...