နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

မေလ (၁၈) ရက်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်း၊ ကျောက်ဆည်မြို အနောက်တောင်ဘက် ၂၁ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည် စတဲ့မြိုတွေမှာ ဒီငလျင်လှုပ်ခတ်မှုဒဏ်ကို သိသိသာသာ ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး နောက်ပိုင်း ၁၇၅ ကြိမ်မြောက် လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်လည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က လှုပ်ခဲ့တဲ့ မဂ္ဂနီကျူ ၉ အဆင့်ရှိတဲ့ ၃-၁၁ ဂျပန်အရှေ့ပိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တုန်းကလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့အထိ မဂ္ဂနီကျူ ၅ အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်အကြိမ် စုစုပေါင်း ၇၀၀ ကျော် လှုပ်ခတ်ခဲ့ပါတယ်။ မဂ္ဂနီကျူ ၇ အထက်ရှိတဲ့ ငလျင်ပေါင်း ၆ ကြိမ်၊ မဂ္ဂနီကျူ ၆ အထက်ရှိတဲ့ ငလျင်ပေါင်း ၉ ကြိမ်နဲ့ မဂ္ဂနီကျူ ၅ အထက်ရှိတဲ့ ငလျင်ပေါင်း ၅၉၉ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မဂ္ဂနီကျူ ၅ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်နိုင်တဲ့အတွက် မခိုင်ခန့်တော့တဲ့ အဆောက်အအုံတွေမှာ နေထိုင်ဖို့ မသင့်ဘူးလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မင်းတပ်မြို့ထဲ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်ဟာ (၄၁)လုံးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေကို
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 30 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 26 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်လီရွာကို စစ်ကောင်စီတပ်က