နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

မေလ (၁၇) ရက်။

အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာ Arakan Princess Media မှာ ဖော်ပြပါတယ်။

မင်းပြားမြိုသိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံပန်း မိသားစုဝင် ၂၂၅ ဦးကို မေလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် ပြန်လွှတ်ပေးခဲ့တာလို့ သိရပြီး အမျိုးသမီး ၉၅ ဦးနဲ့ ကလေးသူငယ် ၁၃၀ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

မင်းပြားမြိုကို AA က ၂၀၂၄ ဖေဖော်ဝါရီလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂၀၂၄ ဧပြီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးရရှိခဲ့တဲ့ စစ်သုံပန်းမိသားစုဝင် ၁၇၀ ဦးကို ပထမအကြိမ် လွှတ်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်ဘက်က စစ်သုံ့ပန်းတွေကို လွှတ်ပေးနေချိန်မာ စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို မေလ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ။ Arakan Princess Media

စစ်သုံပန်းများ ပြန်လွှတ်ပေးစဉ် တွေ့ရစဉ်/Arakan Princess Media

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 0 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မင်းတပ်မြို့ထဲ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်ဟာ (၄၁)လုံးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေကို
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 30 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်လီရွာကို စစ်ကောင်စီတပ်က