နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

မေလ (၁၇) ရက်။

လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ လူကုန်ကူးခံရသူများကို ကယ်တင်ရန် အရေးပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ယင်းဒုက္ခသည်များထဲတွင် ကင်မရွန်း၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယားနှင့် ယူဂန်ဒါနိုင်ငံသားများ ပါဝင်သည်။

CSNHTV သည် လိမ်လည်လှည့်စားရန် ချိန်းခြောက်ခိုင်းစေထားသည့် အလုပ်ရုံခြံဝင်းများတွင် ပိတ်မိနေသေးသည့် သားကောင် ၁၅၈ ဦးအား ဖော်ထုတ်နိုင်ခဲ့သည်။ သူတို့သည် လူမဆန်သည့် နှိပ်စက်ညှင်းပန်းခြင်း ခံနေရပြီး ကယ်တင်ခံရရန် စောင့်မျှော်နေကြသည်။ ၆၆ယောက်ကို DKBA ထိန်းချုပ်ရာနေရာ သုံးခုတွင် ထိန်းသိမ်းထားပြီး အခြား ၉၂ယောက်တွင် အီသီယိုးပီးယား ၁၀ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၈၂ ဦး ပါဝင်ပြီး ထိုသူများကို BGF ထိန်းချုပ်ထားသည့်ခြံဝင်း ၁၅ ခုတွင် ထိန်းသိမ်းထားသည်။

လုံလောက်သော နိုင်ငံတကာဖိအားပေးမှု မရှိခြင်းကြောင့် ကျူးလွန်ခံရသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ နယ်ခြားစောင့်တပ် (BGF) ကို EU၊ UK နှင့် US တို့မှ ပိတ်ဆို့အရေးယူခံထားရသော ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်သည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို တတိယအဆင့်ရှိ ဗိုလ်မှူးချုပ် စိုင်းကျော်လှ (ကိုစိုင်းဟုလည်း ခေါ်သည်) မှ ကွပ်ကဲသည်။

အသက်အန္တရာယ်စိုးရိမ်ရပြီး ကျန်းမာရေးချို့တဲ့သူ အများအပြားသည် ဆေးကုသမှုခံယူရန် ငြင်းဆိုခြင်းခံနေရသည်။ အချို့သောသူများသည် အရိုးကျိုးခြင်း၊ အကျိတ်များ၊ သည်းခြေကျောက်တည်ခြင်း၊ ဆီးချိုရောဂါနှင့် ပြင်းထန်သော စိတ်ကျန်းမာရေး အခြေအနေများ ခံစားနေရသူများ အပါအဝင် ရန်ပုံငွေနည်းပါးခြင်းကြောင့် ခွဲစိတ်မှု သို့မဟုတ် ကုသမှုကို ငြင်းပယ်ခြင်းခံရသည်။ ထိုင်းနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။

အဓိကအားဖြင့် သူတို့အမှုအကြောင်းကို လူသိများသွားသူများ သို့မဟုတ် အများသူငှာ အာရုံစူးစိုက်မှုရရှိသူ အနည်းစုကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အများစုမှာသူတို့ မိသားစုများ၊ သံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပန်ကြားတောင်းဆိုကြသော်လည်း အာဏာပိုင်များက လျစ်လျူရှုထားသည်။

Hong Tai ကုမ္ပဏီ၊ Tai Chang 1 တွင် အီသီယိုးပီးယားသားကောင် ၁၄ ဦးအား ရက်ရက် စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ခြံဝင်းအတွင်း အုပ်ချုပ်နေသော တရုတ်မာဖီးယားဂိုဏ်းဝင်များက အကူအညီတောင်းရန် ကြိုးပမ်းသူတိုင်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။

Deko Park ၊ ဝေါလေတွင် အမျိုးသမီး ၃၄ ဦးသည် အမျိုးသမီးများ၏ လိင်အင်္ဂါများကို ပစ်မှတ်ထား၍ အကြမ်းဖက် စော်ကားမှုများ အပါအဝင် ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခြင်း ခံနေရသည်။ အမျိုးသားရော အမျိုးသမီးပါ မုဒိမ်းကျင့်ခံရသည်။ ဤအဖွဲ့တွင် အီသီယိုးပီးယား ၂၆ ဦး၊ ပါကစ္စတန် ၃ ဦး၊ ယူဂန်ဒါ ၂ ဦး၊ အင်ဒိုနီးရှား ၂ ဦး၊ တန်ဇန်းနီးယား ၁ ဦးတို့ ထိန်းသိမ်းခံထားရသည်။

Hexin ကုမ္ပဏီ၊ Tai Chang 2 တွင်ရှစ်ဦ ရှိပြီး ဖိလစ်ပိုင် ၁၂ ဦး၊ နိုင်ဂျီးရီးယား ၁ ဦး၊ အီသီယိုးပီးယား ၃ ဦးနှင့် ကင်မရွန်းနိုင်ငံသား ၂ ဦးတို့သည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေကြရသည်။ ၎င်းတို့အနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ခံစားနေရသူ နှစ်ဦး ပါဝင်သည်။

BGF ထိန်းချုပ်နယ်မြေ၊ KK Park 1 တွင် ကယ်ဆယ်ရန် အီသီယိုးပီးယား ၁၀ ဦးက စောင့်မျှော်နေပါသည်။ သူတို့ သူငယ်ချင်းတစ်ဦးကို ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် အခြားကုမ္ပဏီတစ်ခုသို့ ရောင်းစား ခံရခြင်း ဖြစ်နိုင်ကြောင်း သတင်းပို့ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဆယ့်နှစ်ဦးသည် မတူညီသော ခြံဝင်း ၁၄ ခုတွင် ပိတ်မိနေကာ အားလုံးမှာ အရေးပေါ် ကယ်ဆယ်ရန် လိုအပ်နေပါသည်။

မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) နှင့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) တို့က မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်သည် လိမ်လည်မှုပေါင်းများထဲတွင် ကျန်ရှိနေကြောင်း ခန့်မှန်းထားသည်။ ၁၀ ရာခိုင်နှုန်း အောက်သာ ကယ်ဆယ်နိုင်ခဲ့သည်။

ထိုင်းအစိုးရက ထိုရာဇဝတ်မှုလုပ်ငန်းများကို ကြိုးစားဖြတ်တောက်ရန် ကြိုးစားခဲ့သည်။ လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်ခြင်းဖြင့် အဆိုပါ လုပ်ငန်းများကို နှောင့်ယှက်ရန် ထိုင်းကြိုးပမ်းမှုများသည် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိသည်။ ဒုစရိုက်ခြံဝင်းများစွာသည် မီးစက်များ၊ မှောင်ခိုလောင်စာဆီများနှင့် Starlink အင်တာနက်ကို အသုံးပြု၍ ဆက်လက်လည်ပတ်လျက်ရှိသည်။ အချို့မှာ ပိုမိုဝေးလံသော ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

တရုတ်ဒုစရိုက်ခေါင်းဆောင်များ သို့မဟုတ် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒေသခံများကို တရားဥပဒေစိုးမိုးရေးအရ သိသိသာသာ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် ဒုက္ခရောက်နေသူ လူကုန်ကူးခံနေရသူများအား အကာအကွယ်ပေးရေး မူဝါဒ ကင်းမဲ့နေပြီး ခွဲခြားဆက်ဆံမှု မရှိသော၊ ရပိုင်ခွင့်များကို အခြေခံသော ပံ့ပိုးကူညီမှုပေးရန် နိုင်ငံတကာမှ ပျက်ကွက်ခဲ့ကြောင်း CSNHTV မှ မှတ်ချက်ပြုခဲ့သည်။ ပြတ်ပြတ်သားသား ကြားဝင် စွက်ဖက်ခြင်း မရှိဘဲ၊ လူကုန်ကူးခံနေရသူများသည် ဆက်လက်၍ မတော်မတရား ပြုကျင့်မှုများနှင့် ဆိုးရွားသောအန္တရာယ်နှင့် ဆက်လက်ရင်ဆိုင်နေကြရသည်။

သတင်းရင်းမြစ်။ Thai Enquirer

ဆိုဖီသည် မညှာမတာ ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူမ၏တင်ပါးတွင် ရိုက်နှက်ခံဒဏ်ရာများကို တွေ့ရှိရသည်။
Henok သည် စွမ်းဆောင်ရည်နိမ့်ကျသည်ဟု စွပ်စွဲခံရပြီးနောက် တရုတ်မာဖီးယား သူဌေးတစ်ဦးမှ ရက်စက်စွာ အပြစ်ပေးခံခဲ့ရသည်။
လူကုန်ကူးခံရသူ မာရီယာသည် သူမ၏ကိုယ်ဝန်ကြောင့် အရေးပေါ် အကူညီတောင်းခံ ပြီးနောက် BGF ထိန်းချုပ်နယ်မြေရှိ ခြံဝင်းတစ်ခုမှ အမြန်ကယ်တင်နိုင်ခဲ့သည်။
ဂျူလီယာသည် ပြင်းထန်သော နှလုံးရောဂါကြောင့် လမ်းလျှောက်ခြင်း သို့မဟုတ် စကားမပြောနိုင်ဘဲ ဆေးရုံသို့ အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့သော်လည်း ရောဂါရှာဖွေခြင်း သို့မဟုတ် သင့်လျော်သော ကုသမှုကို မရရှိခဲ့ပါ။
Deko Park, ဝေါလေ – သားကောင် ၃၄ ဦးကို ဖမ်းဆီးထားပြီး ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းမှု ခံနေရသည်။
နိုဗီသည် ကိုယ်ဝန် လေးလရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် ပြင်းထန်စွာ ကိုယ်ထိလက်ရောက် စော်ကားခြင်း ခံခဲ့ရသည်။
လက်ကျိုးနေသော အမျိုးသားတစ်ဦး
လမ်းလျှောက်ရန် မဖြစ်နိုင်လောက်အောင် ခြေထောက်များ ရောင်ရမ်းနေခြင်း

ကျားဖြန့်လုပ်ငန်းတွေ ဆက်လည်လည်ပတ်နေဆဲနဲ့ ဘုရားသုံးဆူမြို့က ဆယ်မိုင်အကွာမှာရှိတဲ့ ထီးလောင်းရှည်ရေတံခွန်အနီးကို ပြောင်းရွှေ့သွားတဲ့အကြောင်းကို ခေတ်မျက်လုံးက ဖော်ထုတ်ရေးသားခဲ့တဲ့ ဆောင်းပါးကို အောက်ကလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်