မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့ နေ့တိုင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး အခု စက်တင်ဘာလဆန်းအထိ...









